ဗိုင်းရပ်စ် ရေးသားခြင်း
ကမ်ရမ် မီယာ ဟာဇာ ( ဟာဇရစ္စတန်/နော်ဝေ) (၁) အာဖဂန်မြို့တော် ကဘူးလ် က တစ်လ ခုနှစ်ထောင်နဲ့ငှါးထားတဲ့အိမ်တစ်လုံး အမှောင်ချထားပြီး၊ကွန်ပျူတာလည်းမရှိဘဲ လျှပ်စီး ဝင်္ကပါနဲ့ ဗိုင်းရပ်စ်ရေးသားတယ်ဆိုရင် ဒါ ဘယ်လိုရူးကြောင်ကြောင်ကဗျာလဲ။ ခင်ဗျားကိုခင်ဗျားမေးကြည့် ကဗျာဆိုတာ လျှပ်စစ်စင်္ကြန်မှာလှည့်လည်သွား လာနေပြီး သူတို့ရဲ့ဖြစ်တည်မှုကနေဖြတ်တော က် တခြားရွေးချယ်စရာမရှိ ကဗျာတစ်ပုဒ်ဖြစ်ဖို့ပစ်ချခံလိုက်ရတဲ့ တူညီတဲ့အထီးကျန်စကားလုံးတွေလား။ စိတ်ကူးစိတ်သန်းတွေ လမ်းတွေကိုဖြတ် လမ်းတွေပေါ် လျှောက်သွားနေတာ ခင်ဗျားစောင့်ကြည့်နေမယ် အခြားစကားလုံးတစ်လုံးရဲ့လည်ပတ်ကြိုးကို ခင်ဗျား ဆွဲကိုင်ထားတယ် ဒီစကားလုံးအရိုင်းကိုထိန်းချုပ်ဖို့ကြိုးစားရင်း မအောင်မြင်ဘူးဆိုရင် ကွန်ပျူတာ တစ်လုံးပျက်သလို ခင်ဗျားအလုပ်လုပ်တာရပ်သွားမယ်။ (၂) ဒီဇယ်အင်ဂျင်နဲ့ဓာတ်အားပေးထားတဲ့ လက်ပတော့နောက်ကွယ်မဖျာ တစုံတယောက်ရှိနေခဲ့တယ်၊ ဗိုင်းရပ်စ်ရေးတဲ့ တစုံတယောက်ပေါ့၊ ဝက်ဘ်ဆိုက်လိပ်စာတွေလိုက်ရှာပြီး ခင်ဗျားရဲ့ဝက်ဘ်ဆိုက်ကိုချိတ်ဆက်လာမယ့် အမည်မသိအီးမေးလ်တစ်စောင်ပို့ခဲ့လိမ့်မယ် ဗိုင်းရပ်ကိုက်ခဲ့ပြီပေါ့ “ကျမ က အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါကပါ အသက်က ၂၃နှစ်၊ဒီ link […]